Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ မုန်တိုင်းဘေးဒဏ်သင့်သည့် ကျေးရွာအုပ်စုများသို့ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်





MNP ၊   ဇူလိုင် ၁

    ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဒဏ်ခံရသည့် ကျေးရွာ အုပ်စုများအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့ပေးသည့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို  မြို့နယ်သဘာဝဘေးအန္တရာ

ယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ၏ အစီ အစဉ်ဖြင့် ယမန်နေ့၊ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနတွင် ​ထောက်ပံပေးအပ်ခဲ့သည်။


 ထိုသို့ ထောက်ပံ့ပေးရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်း တာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲတို့၏ လမ်းညွှန်ချက်များအား အကောင် အထည်ဖော်ရာ၌ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို ထိရောက်မြန်ဆန်အောင်မြင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သာသနာရေးကဏ္ဍများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရာတွင်လည်း ဌာနဆိုင်ရာများနှင့်ပြည်သူများ ဝိုင်းရံပြီး အကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အသိအမှတ် ပြုပါကြောင်း၊ မိမိတို့ကျေးရွာများ၌ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေးကြရန် လိုကြောင်း ရှင်းလင်းမှာကြားခဲ့သည်။ 


ထိုနောက် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးသည့် ကလေးကျောင်းဝတ်စုံများ၊ ခြင်ထောင်၊ ရွှေဝါဆပ်ပြာခဲ၊ အသင့်စားဆန်ရိက္ခာထုတ်၊ စောင်၊ အဝတ်အထည်များ၊ ဖိနပ်များ၊ အစာခြောက်ထုတ်နှင့်ဆန်ရိက္ခာများကို မုန်တိုင်းဘေးသင့်ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုလူဦးရေစာရင်းပေါ် မူတည်၍ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများထံ စနစ်တကျ လွှဲ​ပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment