Pages

Pages

မအီမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်






MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်  ၇ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မအီနယ်မြေခံတပ်ရင်းမှ အရာရှိစစ်သည်များနှင့် တပ်မတော်သားများ၊ မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးကျော်ပုနှင့် ဝန်ထမ်းများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာ၀န်ထမ်းများ၊ မအီနယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော စုစုပေါင်းဝန်ထမ်းအင်အား (၁၀၀) ခန့်တို့က မအီမြို့၊ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သစ်ကိုင်းများ၊ ခြုံနွယ်များ၊ မြက်ပင်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိလာသောအမှိုက်များအား မြို့စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်များဖြင့် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။


အဆိုပါသန့်ရှင်းရေးဆောင်ရွက်ခြင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူသည့်လူနာများ စိတ်ချမ်းမြေ့စွာ ဆေးကုသမှုခံယူနိုင်ရေး၊ လေကောင်းလေသန့်ရရှိစေနိုင်ရေး၊ ခြင်အန္တရာယ် ကင်းဝေးစေရေးနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နောက်လာမည့် စနေနေ့တိုင်းတွင်လည်း မအီမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အများပြည်သူ အသုံးပြုရာ လူစည်ကားရာနေရာများ၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment