ရခိုင်ပြည်နယ် မောင်တောမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ပန်းအလှဆင် ဆင့်ပွား သင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ပန်းအလှဆင် ဆင့်ပွား သင်တန်းဖွင့်လှစ်ပို့ချ





MNP ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး ပညာသင်တန်း ကျောင်းတွင်  ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ တို့မှ ကြီးမှူးဖွင့်လှစ်သည့် ပန်းအလှဆင် ဆင့်ပွားသင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူများက ပန်းအလှဆင် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ရခြင်းများ နှင့် ပတ်သက်၍ အတတ်ပညာတစ်ခု တတ်မြောက်ခြင်းအားဖြင့် မိသားစု ဝမ်းရေးအတွက် အဆင်ပြေကြောင်း ၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချ ပေးမည့် အခမ်းအနားများတွင် အသုံးပြုနိုင်သည့် ပန်းအလှဆင် နည်းစနစ်များ ၊ ပန်းအမျိုးမျိုးနှင့် အလှဆင်ပန်းအိုးများ ပြုလုပ်ရခြင်းများအား ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို နည်းပြများက သင်ကြားပို့ချမည့်ဖြစ်ရာ သင်တန်း သူ ၃၀ ဦးက တက် ရောက်သင်ယူမည် ဖြစ်ပြီး သင်တန်းကာလမှ တစ်ရက်တာ ဖြစ်ကြောင်းသိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)