ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စဗျဲလော့်ဗ်စ်ခ်ဒေသ နိုင်ငံတကာစီးပွားရေးဆက်သွယ်ဆောင်ရွက်မှုဝန်ကြီး မစ္စတာဗျဲချီးစ်လာ့ဖ်ယာရင် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စဗျဲလော့်ဗ်စ်ခ်ဒေသ နိုင်ငံတကာစီးပွားရေးဆက်သွယ်ဆောင်ရွက်မှုဝန်ကြီး မစ္စတာဗျဲချီးစ်လာ့ဖ်ယာရင် ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ


MNP ၊ ဇူလိုင် ၁၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့်အဖွဲ့သည် ယမန်နေ့ည‌နေပိုင်းက စဗျဲလော့်ဗ်စ်ခ်ဒေသ နိုင်ငံတကာစီးပွားရေးဆက်သွယ်ဆောင်ရွက်မှုဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ဗျဲချီးစ်လာ့ဖ်ယာရင် ဦးဆောင်သော ဒေသအစိုးရအဖွဲ့နှင့် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ဆောင်ရွက်သွားနိုင်မည့် ပို့ကုန်၊ သွင်းကုန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံအတွက် အရေးပါသည့် သံသတ္တုရိုင်းများ ရှာဖွေရေး၊ တူးဖော်ရေး၊ သံမဏိထုတ်လုပ်ရေးဆိုင်ရာ နည်းပညာများ အထောက်အပံ့ပေးအပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သံမဏိထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်မည့် လုပ်သားများကို နည်းပညာနှင့် ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်တို့ကို ကျွမ်းကျင်တတ်မြောက်၍ ကိုယ်တိုင် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှ ကျောင်းသားများကို ယူရယ်ဒေသရှိ အဆင့်မြင့်တက္ကသိုလ်ကြီးများသို့ ပညာတော်သင်စေလွှတ်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မိတ်ဖက်နိုင်ငံများအကြား ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် စည်လုံးညီညွတ်မှု ပိုမိုခိုင်မြဲစေသည့် အကြောင်းအရာများနှင့် စဗျဲလော့ဖ်စ်ခ် ဒေသအနေဖြင့် စီးပွားရေး၊ ကုန်သွယ်ရေးသံတမန်များ ခန့်အပ်စေလွှတ်သွားနိုင်မည့် အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)