ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သို့ ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များလာရောက်ဖူးမြော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သို့ ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များလာရောက်ဖူးမြော်ကြည်ညို



MNP ၊ ဇူလိုင်   ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော်သာသနိကအဆောက်အဦများလှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနားများသို့ တက်ရောက်ရန်အတွက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များသည် ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သို့ လာရောက်ဖူးမြော်ကြည်ညိုကြသည်။


ဆက်လက်၍ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သို့ ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များအား ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့ကကြိုဆိုကြပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ သမိုင်းအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြည်ပမှကြွရောက်လာကြသည့် ဆရာတော်ကြီးများနှင့်လူပုဂ္ဂိုလ်များသည် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်အား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရှိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)