MNP ၊ ဇူလိုင် ၇
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်ခြင်းကိုဇူလိုင်လ (၅)ရက်နေ့ကစတင်ပြီး ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပေါင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည် ဆိုသည် ဆောင်းပုဒ်အတိုင်း ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးအပြင် အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်လာအောင် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊နိုင်ငံတော်အဆင့်အဖြစ် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်အေးသီတာအောင် ထံမှသိရသည်။
အဆိုပါသင်တန်းများကို ( အထက )နတ်ကြီးချောင်တွင် ဘောလီဘောသင်တန်းကိုလည်းကောင်း၊ ( အထက ) ဆင်ဖြူရပ်နှင့် ( အထက ) မုတ္တမ ကျောင်းတို့တွင် ရိုးရာခြင်လုံးသင်တန်းကိုလည်းကောင်း၊ ( အထက ) ပေါင်တွင် စစ်တုရင်သင်တန်းကိုလည်းကောင်း၊ ( အထက )ကျွဲခြံ တွင်ဘက်စကစ်ဘော သင်တန်းကိုလည်းကောင်း၊ ( အထက ) ဇင်းကျိုက်ကျောင်းတွင် မြန်မာ့သိုင်းသင်တန်းကိုလည်းကောင်း ဇူလိုင်လ ( ၅ ) ရက်နေ့မှ (၁၇) ရက်နေ့အထိ ကျောင်းဖွင့်ရက်တွင် အချိန်သတ်မှတ်၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment