မင်းတုန်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

မင်းတုန်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

62

63

64


MNP ၊   ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည် ပင်သာယာရေးအဖွဲ့ရုံးတွင် ပြုလုပ်ရာ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


ထိုသို့ဆွေးနွေးရာတွင် သရက်ရိုင် စားသုံးသူရေးရာဦးစီးဌာန မင်းတုန်းမြို့နယ်တာဝန်ခံ မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေက စားသုံးသူအဓိပ္ပါယ်၊ လုပ်ငန်းရှင်အဓိပ္ပါယ်၊ ကုန်အညွှန်းအမှတ် အသားဆိုင်ရာများ၊ မူပိုင်ခွင့်နှင့် လုပ်ငန်းရှင်နှင့် စားသုံးသူ ထိခိုက်နစ်နာမှုမရှိစေရေး အကာ အကွယ်ပေးရေးဆိုင်ရာများ ဆွေးနွေးခဲ့သည်။ ထို့နောက် လုပ်ငန်းရှင်များက ၎င်းတို့ တင်သွင်း ရောင်းချသည့် ကုန်ပစ္စည်းများအပေါ် ထိခိုက်နစ်နာမှုများ ရှိပါက မည်ကဲ့သို့ အကာကွယ် ရနိုင်မည်ကို မေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးကျော်ရွှေက လုပ်ငန်းရှင်များ နစ်နာဆုံးရှုံးမှုရှိပါက လိုအပ်သည့် ထောက်အထားများနှင့် စားသုံးသူရေးရာဦးစီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးမည့် အခြေအနေနှင့် အရေးယူဆောင်ရွက်နိုင်သည့် ဥပဒေပုဒ်မများ ပြန်လည်ဆွေးနွေးပေးခဲ့ ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


.com/img/a/




No comments:

Post a Comment

Donate and Support

Pages