ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်





MNP ၊ ဇူလိုင် ၂၉   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်လျက်ရှိရာ၊ ယနေ့နံနက်ပိုင်းက လမ်းဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့က ၎င်းတို့ဌာနနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများ ရှိပြည်သူများ ဆက်စပ်ဆောင်ရွက်ရသည့် လုပ်ငန်းအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ ရပ်ကွက် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်၊ ဆောင်ရွက်သင့်သည်များကို ရဲရဲတင်းတင်းဆောင်ရွက် နိုင်ရန်နှင့် မဆောင်ရွက်သင့်သည်များကို ရှောင်ကြဉ်နိုင်ကြစေရန်၊ ဒေသ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ/နည်းဥပဒေ များ၊ ညွှန်ကြားချက်များနှင့်အညီ ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြောပါသည်။ အဆိုပါ သင်တန်းကို ဇူလိုင်၂၇ ရက်နေ့ နံနက်က စတင်ဖွင့်လှစ်ခြင်းပြီး၊ ဇူလိုင် ၂၉ ရက်နေ့ ညနေ(၄)နာရီတွင် သင်တန်းဆင်းမည်ဖြစ်ကြောင်းနှင့် သင်တန်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲတို့က သက်ဆိုင်ရာဌာနအလိုက် ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ကျေးရွာများနှင့် ဆက်စပ် ပတ်သက် သည့် လုပ်ငန်းစဉ်များ၊ ဆောင်ရွက်သင့်/မဆောင်ရွက်သင့်သည်များ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်း ဆွေးနွေး ပို့ချကြသည်။


သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၁၂၁)ဦး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ (၁၁၃)ဦး စုစုပေါင်း(၂၃၄)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ (၂)ရက်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)