၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ



MNP ၊ ဇူလိုင် ၂၁

၂၀၂၃ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ကျင်းပသည်။


ယနေ့ကျင်းပသည့် ဗိုဗီနမ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ /နည်းပြများ၊ အားကစားသမားများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။


ရှေးဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးနှစ်ယောက်တွဲ ဓားမြောင်ပါ အပြပြိုင်ပွဲ၊ အမျိုး သမီးတစ်ဦး အမျိုးသားသုံးဦး လက်နက်ပါ အပြပြိုင်ပွဲနှင့် ဗိုလ်လုပွဲစဉ်များဖြစ်သည့် အမျိုးသမီး ၆၅ ကီလိုပြိုင်ပွဲနှင့် အမျိုးသား ၅၅ ကီလိုပြိုင်ပွဲ များကို ကျင်းပသည်။


ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်နုမြဇံနှင့် ဒေါက်တာဝါဝါမောင်တို့က အမျိုးသား ၅၅ ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး ၅၅ ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ချာလီသန်းနှင့် ဦးကိုကိုလှိုင်တို့က အမျိုးသား ၆၀ ကီလိုပြိုင်ပွဲ၊ အမျိုးသမီး ၆၀ ကီလိုပြိုင်ပွဲ၊ အမျိုးသား ၆၅ ကီလိုပြိုင်ပွဲနှင့် အမျိုးသမီး ၆၅ ကီလိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိ ကြသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးက အမျိုးသားလက်သိုင်း အပြပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်သည်။


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးရန်ကျော်၊ ဦးရွှေကြိမ်း၊ ခွန်စံလွင်၊ ဒေါက်တာ ကျော်ထွန်းတို့က အမျိုးသမီးလက်သိုင်း အပြပြိုင်ပွဲ၊ အမျိုးသမီးတစ်ကိုယ်တော် ဓားတစ်လက်ပြိုင်ပွဲ၊ အမျိုးသားတစ်ကိုယ်တော်တုတ်ရှည်ပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲ ဓားတစ်လက်အတိုက်ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။


အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာ အောင်ကျော်မင်း၊ ဦးမောင်ကိုနှင့် ဒေါက်တာမှုထန်တို့က အမျိုးသားနှစ်ယောက်တွဲ ဓားရှည်လက်နက်မဲ့ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ဓားမြောင်ပါအပြပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦး အမျိုးသားသုံးဦး လက်နက်ပါ အပြပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပိုးရယ်အောင်သိန်းက အမျိုးသားအကောင်းဆုံး အားကစားသမားဆုရ မန္တလေးတိုင်းဒေသကြီးမှ မောင်ကျော်ဇင်မောင်နှင့် အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုရ ချင်းပြည်နယ်မှ အိအိမွန်တို့ကို ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးတို့ကို တံခွန်စိုက်ဆုဖလားပေးအပ်သည်။


ဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။


၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း၊ အားကစားသမားစုစုပေါင်း ၂၂၁ ဦးတို့ဖြင့် ဇူလိုင် ၁၇ ရက်မှ ယနေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)