Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ


MNP ၊ ဇူလိုင် ၂

ဇွန်လကုန်ပိုင်း က အကြမ်းဖက်အဖွဲ့များကို ဖော်ထုတ်ရှင်းလင်းခဲ့သော ကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်နှိမ်နင်းရေး ကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် ယနေ့ နံနက်ပိုင်းက အကြမ်းဖက်သမား ၅လောင်းနှင့် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိထားပြီး အကြမ်းဖက်စခန်းအဖြစ် အသုံးပြုထားသည် တဲများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက်နှိမ်နင်းရေး ကွန်မန်ဒိုတပ်ဖွဲ့ဝင်များအနေဖြင့် ဇွန်လကုန်ပိုင်း က အကြမ်းဖက်သမား ၃၀ နီးပါး ရှင်းလင်း သုတ်သင်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ရန် စုဆောင်းထားသည့် လက်နက်ခဲယမ်းများစွာကိုလည်း ဖော်ထုတ်ဖမ်းဆီး သိမ်းယူနိုင်ခဲ့သည်။


#MyanmarNationalPost 

No comments:

Post a Comment