ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း စိုက်ပျိုးရေဖူလုံစွာရရှိရေးနှင့် လယ်တောဝင်/ထွက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက် အတွင်း စိုက်ပျိုးရေဖူလုံစွာရရှိရေးနှင့် လယ်တောဝင်/ထွက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး


MNP ၊ ဇူလိုင် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၇ ရက် ညနေ ၄ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများနှင့် သွားရောက်တွေ့ဆုံသည်။


ထိုသို့ တောင်သူများတွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လယ်မြေများကို စံပြစိုက်ကွက် အဖြစ်သတ်မှတ်ပြီး ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ လယ်မြေများအားလုံး အခြားနည်း အသုံးချမှုမရှိစေရေး၊ တစ်နှစ် နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသွင်းအားစုများအပြင် စံပြစိုက်ကွက်တစ်ခုလုံး သာယာလှပလာစေရေး ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ရာသီမရွေး စိုက်ပျိုးရေလုံလောက်မှုရှိစေရေး စက်ရေတွင်း(၈)တွင်း၊ ဆိုလာစနစ်ဖြင့် ရေတွင်း (၂)တွင်း တူးဖော်ပေးထားသည့်အပြင် ရေတွင်းများ ဆက်လက်တူးဖော်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် တောင်သူများနှင့်အတူ တပ်ကုန်းကွင်းအတွင်းရှိ လယ်မြေများအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရေး စက်ရေတွင်းများမှတစ်ဆင့် လက်တံမြောင်းများသို့ ရေသွင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်သူများ၏ လယ်တော ဝင်/ထွက် လှည်းလမ်း ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် လယ်ကွင်းများသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည့် လမ်းများမှတစ်ဆင့် လက်တံများမြောင်းများအား ရေကျော်ပြုလုပ်၍ ဝင်/ထွက်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ထို့အပြင် အင်ဂျန်းခချောင်းအား ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ပြန်လည်တူးဖော်ပြီး အဆိုပါပင်မမြောင်းနှင့် လက်တံမြောင်းများ ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆောင်းရာသီ သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေးစက်ရေတွင်း၊ ဆိုလာရေတွင်းများမှ ရေများအား လက်တံမြောင်းများမှတစ်ဆင့် ပင်မမြောင်းအတွင်းရေသွင်း၍ ဆိုလာစနစ်သုံး ရွေ့လျားရေတင်စက်ဖြင့် ရေသွင်းနိုင်ရေး၊ ပင်မမြောင်းမကြီး တစ်လျှောက် ငါးကောင်ရေ(၂)သိန်း မွေးမြူဆောင်ရွက်သွားမည့် အစီအစဉ်များကို တောင်သူများ ကိုယ်တိုင်ပါဝင်သည့် အစုအဖွဲ့များဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအား ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ပေးခဲ့သည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်အသင်းများမှ အုပ်ချုပ် သူ/နည်းပြများနှင့် သွားရောက်တွေ့ဆုံအားပေးသည်။


ယင်းသို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင်ကစားသမားများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြ‌ရေး အားပေးမှာကြားကာ အသင်းအုပ်ချုပ်သူ/ နည်းပြများထံအောင်နိုင်ရေးအလံများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ က လက်ရွေးစင်အသင်းများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊ပြည်နယ်ဥပဒေချုပ်က လက်ရွေးစင်အသင်းများအတွက် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာများနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာ လှပစေရေးနှင့် လူနေပတ်ဝန်းကျင်စနစ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် Kachin State Clean & Green Team ဖွဲ့စည်းပြီး အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ သန့်ရှင်းရေးဆောင်ရွက် လျက်ရှိရာ ဇူလိုင် ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် မြစ်ကြီးနားမြို့ ဇော်ဂျွန်းလမ်းမတစ်လျှောက် လမ်းဘေးဝဲ/ယာ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)