ခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ ၊ ဗိုလ်မှူးရွာအဝင်လမ်း ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုများနှင့် မြို့ပေါ်ရှိ ဓါတ်အားလိုင်းကြိုးများပြန်လည်သွယ်တန်းဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် တာဝန်ရှိသူများနှင့်အတူ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများ ၊ ဗိုလ်မှူးရွာအဝင်လမ်း ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုများနှင့် မြို့ပေါ်ရှိ ဓါတ်အားလိုင်းကြိုးများပြန်လည်သွယ်တန်းဆောင်ရွက်နေမှုအားကြည့်ရှု စစ်ဆေး







MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသန့်ရှင်း သာယာ လှပစေရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်များ ၊ ဆရာ၊ဆရာမများ ၊ လူမှုရေးအဖွဲ့အစည်းများ တပ်မတော်သား များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူများ စုပေါင်းကာ သန့်ရှင်းရေးပြုလုပ်ခြင်း နှင့် ကညင်တန်း ဗိုလ်မှူးရွာအဝင်လမ်း ရေစီးရေလာကောင်းမွန်စေရေး စက်ယန္တရားများဖြင့် ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုများအား ယနေ့ နံနက် ၇ နာရီ အချိန် စုပေါင်းဆောင်ရွက်ခဲ့ကြရာ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန်ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေ ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မောင်မောင်လေး  ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့၀င်များ ၊မြို့ နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ  ဦးကံထွန်း အောင်နှင့် တာ၀န်ရှိသူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှု အားပေးပြီး  လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ 


ရှေးဦးစွာ ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေ နှင့် တာဝန်ရှိသူ များ သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးဆောင်ကာ ကညင်တန်း ဗိုလ်မှူးရွာအဝင်လမ်း ပေ ၁၅၀၀ အရှည်ရှိ ရေမြောင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စက်ယန္တရား နှစ်စီးဖြင့် တူးဖော်ကာ စည်ပင် သာယာ ရေး အမှိုက်သိမ်းကားဖြင့် သိမ်းဆည်းဆောင်ရွက်နေမှုများ ၊ တပ်မတော်သားများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သန့်ရှင်း ရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက ရှင်း လင်းဆောင်ရွက်ခဲ့ကြရာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 


ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဆရာ၊ဆရာမများ ၊ တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရဲတပ်ဖွဲ့၀င်များ ၊အမျိုးသမီး ရေး ရာ အဖွဲ့ဝင်များ ၊ မိခင်နှင့် ကလေး စောင့် ရှောက် ရေးအသင်း ၊  ကြက်ခြေနီတပ်ဖွဲ့များ ၊  လူမှုရေးအဖွဲ့အစည်းများ ၊ ကျောင်း သား၊ ကျောင်းသူများ ၊ ရပ်ကွက် ကျေးရွာ အုပ် ချုပ် ရေးမှူးများ ၊ ပြည်သူလူထုများ စုစုပေါင်းအင်အား  ၅၀၀ ဦးခန့်က မြို့မ တောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းခြံဝင်း အတွင်းရှိ သတ်မှတ်နေရာများအလိုက် မြက်ပင် ၊ ပေါင်ပင်များ ၊ ချုံနွယ်များ ၊ အမှိုက် သရိုက်များ ရှင်းလင်း ဆောင်ရွက် နေမှုများအား ကြည့်ရှု အားပေး ခဲ့ကြသည်။ 


ယင်းနောက် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရန် ရောက်ရှိနေသော  ဗိုလ်မှူးချုပ် တင်ဆွေ ၊ နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မောင်မောင်လေး  ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ ခရိုင်/မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ တာဝန်ရှိသူ များနှင့်အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး  မြို့တွင်းသို့ သွယ်တန်းထားသော ၁၁ ကေဗွီ ဓါတ်အား လိုင်းကြိုး များအပေါ်သို့ သစ်ပင်ကြီးများ ပြိုလှဲခဲ့မှု ဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဓါတ်အားလိုင်းကြိုးများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)