ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်စိုသီးနှံ ၄၀၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ငရုတ်စိုသီးနှံ ၄၀၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်


MNP ၊ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီကာလ စားဖိုဆောင်သီးနှံဖြစ်သည့် ငရုတ်သီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၄၀၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုလို မိုးသီးနှံစိုက်ပျိုးရာသီကာလတွင် သီးနှံအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်စားပင်သီးနှံ မျိုးစုံကိုလည်း အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အဆိုပါ ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရာ၌ စီးပွားရေး တွက်ခြေကိုက်သည့် ငရုတ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးလုပ်ကိုင်ရာ၌ သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းတိုးတက်ကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစိုက်ပျိုးရေး နည်းပညာများနှင့် သွင်းအားပစ္စည်း သုံးစွဲပုံအဆင့်ဆင့်ကို တောင်သူများ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။


“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူတွေက သီးနှံဝင်ငွေ တိုးပွားစေရန်အတွက်  စားဖိုဆောင် သီးနှံတွေဖြစ်တဲ့ ခရမ်းချဉ်၊ ပန်းမုံလာ၊ မုံညှင်း၊ မုံလာဥ၊ ဆလပ်၊ ခရမ်း၊ ချဉ်ပေါင်၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ သခွါး၊ ဘူး၊ ဖရုံ၊ တိုင်ထောင်ပဲ၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် စတဲ့ သီးနှံများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြတယ်။  စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာ၌ တစ်မြို့နယ်လုံး ငရုတ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ စိုက်ဧက ၄၀၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ ငရုတ်စိုက်ဧက ၄၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။ ငရုတ်သီးနှံက ဈေးကွက်ရှိတဲ့အတွက် တောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြတယ်။ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ ငရုတ်သီးနှံကတော့ သာမို-၁၁ ငရုတ်မျိုးဖြစ်ပြီး ငရုတ်ပွနဲ့ ကလော်အော်သီး ငရုတ်မျိုးကိုလည်း စိုက်ပျိုးကြပါတယ်။ သီးနှံများစိုက်ပျိုးရာတွင် တောင်သူတွေကို အခက်အခဲမရှိအောင် GAP စိုက်ပျိုးရေး နည်းစနစ်တွေနဲ့ သွင်းအားစု ပစ္စည်းအသုံးပြုပုံနည်းစနစ်တွေကို ကွင်းဆင်းကြီးကြပ်ပြီးတော့ တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေပါတယ်” ဟု ပွင်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုနှင့် စိုက်ပျိုးမြေကောင်းမွန်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာ၌ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့်  သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဈေးကွက်ရှိသည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း စသည့် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးသည့်အပြင် သီးနှံအပိုဝင်ငွေ တိုးပွားရေးအတွက် စားဖိုဆောင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)