နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

နောင်ချိုမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

65


MNP ၊ ဇူလိုင် ၂၅      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း  ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


နောင်ချိုမြို့နယ်တွင် ဇူလိုင်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်း မရှိပါက ဩဂုတ်လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် နောင်ချိုမြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူ (၁၅၀၀) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။


ထွေးငယ် 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages