MNP ၊ ဇူလိုင် ၃
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့၌ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုယ်ဝန် ဆောင် မိခင်များနှင့် အသက် (၂)နှစ်အောက်ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်အသားဝါ ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယို သောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးများ အား ကျန်းမာရေးဝန်ထမ်းများကထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များက ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိ လာသူများအား ကျန်းမာရေးအသိပညာပေးခြင်း၊ကာကွယ် ဆေးထိုးနှံပေးခြင်းအားကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment