မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 





MNP ၊ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပရေး ဦးစီးကော်မတီ နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးလုပ်ငန်းကော်မတီဝင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှာ ပုရိမဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် သင်တန်းကျောင်းတိုက် နာယက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများစုပေါင်း၍ (၂၆-၇-၂၀၂၃) ရက်နေ့တွင် မကွေးမြို့ မြသလွန်စေတီတော် မဟာဝိဇယရံသီတန်ဆောင်းတော်မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျင်းပရေးဦးစီးကော်မတီနှင့် ကျင်းပရေးလုပ်ငန်းကော်မတီများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။


ဆက်လက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက လုပ်ငန်းဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြခဲ့ပြီး၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများက လုပ်ငန်းပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ၊ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။


ယင်းနောက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအသီးသီးနှင့် အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကာ၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဆပ်ကော်မတီအသီးသီးမှ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)