မိုင်းတုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်


MNP ၊ ဇူလိုင် ၂၄      

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။


ရှေးဦးစွာ မိုင်းတုံခရိုင်၊‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်မှူးဒုတိယ ညွှန်ကြား ရေးမှူး‌ ဒေါ်ကျော့ကျော့ခိုင်မှအဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးက အမှာစကားပြောကြားခြင်းဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မိုးသဉ္ဇာဟန်က မြစိမ်းရောင်ကျေးရွာ စီမံကိန်း လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း လုပ်ငန်းသည် ကျေးရွာနေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းရရှိပြီးမိသားစုဝင်ငွေတိုးပွား‌ ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ခွင့်ကြတဲ့ နားကောင်းမူး(လီဆူ)ကျေးရွာကိုကျပ်သိန်း (၃၀၀)ပေး အပ်သွားမှာဖြစ်ကြောင်း၊ လက်ခံရရှိတဲ့ကျေးရွာမှ ထုတ်ချေးထားသောချေးငွေဖြင့် မိသားစု ဝင်ငွေ တိုးအောင်လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ကြရန် ပြောကြားပြီးနောက်  မြစိမ်းရောင် ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးကပေးအပ်ရာနားကောင်းမှုး (လီဆူ)ကျေးရွာမှလက်ခံရယူပြီး ကျေးရွာသား တစ်ဦးမှ နားကောင်းမှုး(လီဆူ) ကျေးရွာကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရ သည်။


ဝင်းဝင်းခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)