ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာပေါ်ရှိ ထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ










MNP ၊ ဇူလိုင် ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ယာယီသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဋ္ဌေး၊ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ နှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက်ကြသည်။

ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားရာ၌ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့မှု၊ ကျောက်တုံးတော်ကြီးများ တူးဖော်ခြင်းလုပ်ငန်းကို စနစ်တကျဖြင့် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု၊ ကျောက်တုံးတော်ကြီးအား ရတနာပုံခေတ်ဟန် ဘူမိဖဿမုဒြာ ဆင်းတုတော်ကြီးအဖြစ် တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှု၊ ရုပ်ပွားတော်ကြီး ထုဆစ်မည့် ဆင်းတုတော်အပိုင်းများနှင့် ပလ္လင်တော်အပိုင်း ကျောက်တုံးတော်ကြီးများ ကို အပိုင်းလိုက်ခွဲ၍ ရေလမ်းကြောင်း၊ ကုန်လမ်းကြောင်းများဖြင့် အခက်အခဲများ ကြားမှ အဆင့်ဆင့်ပင့်ဆောင်ခဲ့မှု၊ ကမ္ဘာ့အလေးချိန်အများဆုံး ရေလမ်းခရီးသယ် ဆောင်မှုနှင့် ကုန်းလမ်းခရီးသယ်ဆောင်မှုဖြစ်ခဲ့သည့် အခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး အဆင့်အဆင့်တည်ဆောက်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီး တည်ဆောက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့မှု၊ ဩဝါဒါစရိယဆရာတော် ကြီးများ၏ ဩဝါဒမိန့်ကြားချက် များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါသိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားဆောင်ရွက်လျက်ရှိမှု၊ မုစလိန္ဒနဂါးရုံဘုရား တည်ထားရာတွင်လည်း ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ အဋ္ဌကထာ၊ သာရတ္ထဋီကာ၊ မူလပဏ္ဏာသအဋ္ဌကထာ၊ ဥဒါန်းပါဠိတော်၊ ဇာတကအဋ္ဌ ကထာစသည့် ပိဋကတ်တော် လာ အဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာတည်ထား ကိုးကွယ်ခဲ့မှု၊ ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန်နှင့် Tablet များဖြင့်ထည့်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိမှု။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲ မှုရှိစေရေးစနစ်တကျ တွက်ချက်ဆောင်ရွက်ခဲ့မှု၊ ပလ္လင်တော်အပိုင်းများကို အဆင့်ဆင့် တွဲဆက်ခဲ့မှု၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းများတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက် ခဲ့မှု၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းလုပ်ငန်းများ အဆင့်ဆင့်တိုးတက်လာမှု မှတ်တမ်းများ၊ ဘုရားဖူးလာပြည်သူများ အနားယူနိုင်ရန်အတွက် သုဓမ္မာဇရပ်များတည် ဆောက်ထားရှိမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအလိုက် CNC စက်ဖြင့် အဆင့်ဆင့်ထုဆစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယကျောင်းတော် နှင့် မုစလိန္ဒကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ကျည်းပင်များ စိုက်ပျိုး ထားရှိမှု၊ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်းများအား အဆင့်ဆင့် တွဲဆက်ခဲ့မှုများ ဆောင်ရွက်ခဲ့မှု၊ ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ် သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာနာယူ ကြည်ညို နိုင်ရေးစကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီးပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များထွင်းထု၍ ကျောက်စာရုံစေတီများ တည်ထားမှု၊ ဆင်းတုတော်ကြီး၏ အပိုင်း(၁၊၂၊၃) တို့အားတွဲဆက်၍ ပင့်ထောင်ခြင်း လုပ်ငန်းနှင့် ပင့်ဆောင်ခြင်းလုပ်ငန်းများကို ခေတ်မီစက်ကရိယာများအသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့မှု၊ ရတနာပလ္လင်တော်ထက်တွင် ဌာပနာထည့်သွင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများ ဆောင်ရွက်ခဲ့မှုနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြု လှူဒါန်းထားသည့် အဖိုးတန် ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခဲ့မှု၊ ဆင်းတုတော်အပိုင်းကြီးများကို အဆင့်ဆင့်ပင့်ဆောင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ မှု၊ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာဖြင့် ကျင်းပပြု လုပ်နိုင်သော သံဃာတော်အပါး ၉၀၀ နှင့် လူပရိတ်သတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိသာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမ သိမ်တော်ကြီးကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ထားမှုအခြေအနေများ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဥဏ္ဏလုံမွေးရှင်တော်မြတ် တပ်ဆင်ပူဇော် ခဲ့မှု၊ ရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရးအတွက် လေပြင်းတိုက်ခတ်မှုဒဏ် ခံနိုင်ရေး၊ မြေငလျင်ဒဏ်ခိုင်နိုင်ရေးနှင့် သဘာဝဘေးဒဏ်အန္တရာယ်များမှ ခံနိုင်မှု ရှိစေရေး စနစ်တကျ တွက်ချက်တည်ဆောက်ခဲ့မှုနှင့် ခေတ်မီနည်းပညာများ အသုံးပြု တည်ဆောက်ခဲ့မှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ အဆင့်ဆင့်တိုးတက်လာမှု၊ ရင်ပြင်တော်ကြီးတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ မှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ထားရှိမှု၊ သက်ကြီးရွယ်အိုများ ဘုရားရင်ပြင် တော်ပေါ်သို့တက်ရောက်ရာတွင် အဆင်ပြေမှုရှိစေရေး စက်လှေကားထည့်သွင်း တည် ဆောက်ထားရှိမှု၊ မဟာဗောဓိပင်စိုက်ပျိုးထားရှိမှုနှင့် လင်းလွန်းပင်နှင့် အင်ကြင်း တော စိုက်ပျိုးဆောင်ရွက်ရန် လျားထားဆောင်ရွက်လျက်ရှိမှု၊ ရေပန်းရင်ပြင်နှင့် ကျောက်စာ ရုံများ အဆင့်ဆင့်တိုးတက်လာမှု၊ ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားကျင်းပရန် ပြင်ဆင်နေမှုနှင့် ဘုရားကြီးတည် ဆောက်ပြီးစီးပါက တွေ့ရှိရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဒါ ပွားများလျက် အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့် ကြားဖြတ်အစီအစဉ်အဖြစ် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မတည်အလှူငွေများ စုပေါင်းလှူဒါန်းကြခြင်းအပေါ် ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဘုရားကြီး နှင့် ဗုဒ္ဓဥယျာဉ်ပုံစံငယ်များ၊ ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ်ထားမှုနှင့် Tablet များအတွင်း ထည့်သွင်းထားရှိမှုများကို ကြည်ရှုကြသည်။

၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် လုမ္ဗိနီ အင်ကြင်းပင်များကို စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းလှည့်လည်ကြည့်ရှုဖူးမြော်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)