ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ မဟာဃောသိတာရုံ ဘုရားအဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ မဟာဃောသိတာရုံ ဘုရားအဝင် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး

66

67


MNP ၊ ဇူလိုင် ၂၅      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရုံလေးရုံဘုရား (၄)ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းအား ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းမှာ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ မကြာမီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၂၃ ဒသမ ၅ သန်း ခွင့်ပြုချထားပေးခဲ့ပြီး ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တင်ဒါအောင်မြင်သည့် မကွေးမြို့၊ Shwe Group ကုမ္ပဏီမှ တာဝန်ယူ၍ ရွာခိုင်ကျေးရွာ ဃောသိတာရုံ ဘုရားအဝင်မြေသားလမ်းအရှည်ပေ ၇၀၀ အား  လမ်းအကျယ် ၁၆ ပေ၊ လမ်းအမြင့်ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် ဇွန်လ ၂၂ ရက်နေ့ကစပြီး လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယမန်နေ့တွင် လုပ်ငန်းပြီးစီးမှု ၉၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ယင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံအင်ဂျင်နီယာများက ကြီးကြပ်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဃောသိတာရုံဘုရားအဝင်မြေသားလမ်းသည် နှစ်စဉ် မိုးရာသီကာလများတွင် ဒေသခံပြည်သူများနှင့် ဘုရားဖူးပြည်သူများအတွက် သွားလာရေအဆင်မပြေမှုများ ကြုံတွေ့နေရသဖြင့် ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးသဖြင့် ကျေးရွာနေပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများအတွက် ရာသီမရွေး သွားလာဖူးမြော် ကြည်ညိုနိုင်မည်ဖြစ်၍ ဒေသခံပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။ 


လှိုင်ဝင်းလေး

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages