မိုင်းဖြတ်မြို့နယ်၊ စည်ပင်သာယာ(မြို့မဈေး)၌ သွေးလွန်တုပ်ကွေး​ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုင်းဖြတ်မြို့နယ်၊ စည်ပင်သာယာ(မြို့မဈေး)၌ သွေးလွန်တုပ်ကွေး​ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်

18


MNP ၊   ဇူလိုင် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ယမန်နေ့နံနက် ၁၀နာရီက စည်ပင်သာယာ(မြို့မဈေး)၌ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိဌာန ဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စည်ပင်သာယာ(မြို့မဈေး)တွင် ခြင်ခိုအောင်းနိုင်သည် ရေပုံး၊ ရေခွက်၊ ရေတွင်း၊ ရေကန်နှင့် ရေဝပ်သည့် နေရာများ၌   အဘိတ်ဆေး ခပ်ခြင်းလုပ်ငန်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


ဆက်လက်၍ ဈေးသူ၊ ဈေးသားများကို သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သိကောင်းစရာ များနှင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages