MNP ၊ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ ၂ ရက်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ လူပရိတ်သပ်များက မင်းကျောင်းတိုက် ဆရာတော်ထံမှ သီလခံယူတော်မူကာ ဆရာတော်မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရခြင်း အနုမောဓနာ တရားတော်ကို ဟောကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက ပင့်သံဃာများအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေဆက်သွန်းချအမျှဝေး ခဲ့ကြသည်။
အဆိုပါ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက စုပေါင်းဆက်ကပ်လှူဒါန်းကြပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment