မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် အခြေခံအင်္ဂလိပ်စာ ပညာဒါနသင်တန်းဖွင့်လှစ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် အခြေခံအင်္ဂလိပ်စာ ပညာဒါနသင်တန်းဖွင့်လှစ်

29

30

31

32

33


MNP ၊   ဇူလိုင် ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ- ထ- က(ခွဲ)တွင် ကျောင်းသား/ကျောင်းသူများ၏ ပညာရည် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ ပညာဒါနသင်တန်းကို ဇူလိုင်လ(၄)ရက် ညနေ(၄)နာရီအချိန်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းကို ကျောင်းသား/ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာအခြေခံကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ အင်္ဂလိပ်ဝါကျများကို ကိုယ်တိုင်သိရှိနားလည်၍ ကိုယ်တိုင်ရေးသားတတ်လာစေရန်၊ အတန်းတွင်းဘာသာရပ်သင်ယူမှုများအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသင်တန်းကို Grade-6 မှ Grade-12 အထိ ကျောင်းသား/ကျောင်းသူများတက်ရောက်နိုင်ကြောင်း သိရသည်။


အခြေခံအင်္ဂလိပ်စာသင်တန်းသို့ ယခုလက်ရှိတွင် Grade - 6 မှ Grade -12 ထိ ကျောင်းသား/ကျောင်းသူ (၃၀) ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းတွင် အသုံးပြုသည့် သင်တန်းစာအုပ်များကို ကျောင်းရှိတာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမမများက ပညာဒါနပြု လှူဒါန်းထားကြကြောင်း၊ သင်တန်းတွင်အသုံးပြုသည့် သင်ရိုး (ပုံနှိပ်စာအုပ်) ကိုလည်း မိမိတို့ကျောင်သား/ကျောင်းသူများနှင့် သင်တော်သည့် သင်ရိုးဖြစ်စေရန် ကျောင်းအုပ်ဆရာကြီးမှ ဦးဆောင်၍ ကျောင်းရှိ အင်္ဂလိပ်စာသင်ကြားနေသော ဆရာ/ဆရာမများက ပြုစုရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ၎င်းသင်ရိုးတွင် မိမိတို့ကျောင်းသား/ကျောင်းသူများ တတ်သင့်တတ်ထိုက်သော အကြောင်းအရာများ စုံလင်စွာပါရှိပြီး သင်တန်းဆရာအဖြစ် ကျောင်းအုပ်ဆရာကြီးမှတာဝန်ယူ သင်ကြားပေးလျက်ရှိပါကြောင်း သိရှိရသည်။


ဖော်ပြပါ သင်တန်းနှင့်ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက " သင်တန်းကို အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့များတွင် ညနေ (၄:၀၀) ၌ စတင်သင်ကြားသွားမှာပါ။ ယခုအချိန်တွင် ကျောင်းသား/ကျောင်းသူ (၃၀) ဦးကိုသာ လက်ခံသင်ကြားပေးနေသော်လည်း နောက်ပိုင်းတွင် တစ်ကျောင်းလုံးလွှမ်းခြုံသင်ကြားနိုင်စေရေးအတွက် အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါတယ်။ ကျောင်းသား/ကျောင်းသူများ၏ ပညာရည်တိုးတက်မှုနှင့် ရာစုနှစ်ကျွမ်းကျင်မှု စွမ်းရည်ကောင်းများရရှိနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားအားထုတ်သွားပါမယ်။ ဒါကြောင့်လည်း မိဘပြည်သူများအနေဖြင့် ပညာရေးအရွေ့တစ်ခုကို အောင်မြင်စွာဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သော အကြံဉာဏ်အထောက်အပံ့ကောင်းများကို မိမိတို့တတ်စွမ်းသလောက် ကူညီပေးကြပါရန် တိုက်တွန်းလိုပါတယ်။ " ဟု ပြောကြားခဲ့သည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost


.com/img/a/



No comments:

Post a Comment

Donate and Support

Pages