Pages

Pages

အမ်းမြို့နယ်တွင် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်






MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား  လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယမန် နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ မေ ဇွန်)လများအတွက် တစ်ဦးလျှင် လူမှု ရေးပင်စင် ထောက်ပံ့ငွေကျပ်(၃) သောင်းကျပ်အား အဘိုး ၃၃၃ ဦး၊ အဘွား ၄၂၈ ဦး၊ လူဦးရေစုစုပေါင်း ၇၆၁ ဦး အတွက်

ငွေ(၂၂၈၃၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။


 ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းဦး တို့က ဘိုးဘွား ၇၆၁ ဦး အတွက်ငွေ(၂၂၈၃၀၀၀၀)ကျပ်အား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်။ 


 မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် အ သက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်(၃)သောင်း ကျပ်အား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment