လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၄၀ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၄၀ ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ


MNP ၊ ဇူလိုင် ၁၈

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co.,Ltd. မှ တင်သွင်းလာသော Neta U အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၂၀ နှင့် Asia Pacific Automaker Corporation Co.,Ltd. မှ တင်သွင်းလာသော Seres 3 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၂၀ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ်အစီး ၄၀ သည် ယမန်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)