အမ်းမြို့နယ် အတွင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဘုန်တော်ကြီးကျောင်းများ သာသနိကအဆောက်အဦများ၌စု ပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် အတွင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဘုန်တော်ကြီးကျောင်းများ သာသနိကအဆောက်အဦများ၌စု ပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊ ဇူလိုင် ၂၉     

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှဈေးရပ်ကွက်ရှိ ဝဏ္ဏိတာရာမ ကျောင်း တိုက် ပုရဝုဏ်အတွင်း၌ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများအားလုံးကစုပေါင်း ၍ ကုသိုလ်ယူသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


 အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့်

အဖွဲ့အဖွဲ့ဝင်များ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် ဝန်ထမ်း​များအား လုံး မင်းကျောင်း ကျောင်းတိုက်ပုရဝုဏ်အတွင်း​ပြင်ရှိခြုံနွယ်ပေါင်းမြက်များကို ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ပြီး အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


     ဆက်လက်ပြီး အမ်းမြို့နယ်အတွင်းရှိတပ်တောင်မြို့နှင့်ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်ပြည်သူ များကအမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာဘုန်းတော်ကြီးကျောင်း များတွင် လည်းစုပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)