မအူပင်မြို့တွင် ၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်ပွဲ စုဆောင်းငွေအတိုးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် ၁၀၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၂-၂၀၂၃ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်ပွဲ စုဆောင်းငွေအတိုးပေးအပ်ပွဲကျင်းပ




MNP ၊   ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၁၀၁ နှစ်မြောက်အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကိုဂုဏ်ပြုသောအားဖြင့် စက်မှုစွမ်းအားငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး၊ ဒါရိုက်တာအဖွဲ့သစ်ရွေးချယ်ပွဲနှင့် စုဆောင်းငွေအပေါ်အတိုး ပေးအပ်ပွဲအခမ်းအနားကို အမှတ် (၅) အလတ်စားစက်ပြင်ရုံ အစည်းအဝေးခန်းမတွင် ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီကကျင်းပသည်။


အခမ်းအနားသို့ မအူပင်ခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသန်းဇော်ဦး၊ မြို့နယ်ဦးစီးမှူးဦးငြိမ်းချမ်းမြင့်၊ စက်ရုံမှူးဦးစိုးနိုင်လင်း၊ ငွေစုငွေချေးအသင်းဥက္ကဋ္ဌဒေါ်မြင့်မြင့်ခိုင်၊ မြို့နယ်သမဝါယမ ဦးစီးဌာနဦးစီးအရာရှိ ဦးသန့်စင်တို့တက်ရောက်ကြပြီး စက်မှုလယ်ယာဦးစီးဌာန၏ အသင်းသား (၃၁) ဦးတို့အား စုဆောင်းငွေအပေါ်ရရှိသည့် အတိုးငွေစုစုပေါင်း (၇၅၇၁၄၀) ကျပ်ငွေ ခုနှစ်သိန်းငါးသောင်းခုနှစ်ထောင်တစ်ရာ့လေးဆယ်တိတိအား ပေးအပ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)