ရသေ့တောင်မြို့နယ် စိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော မျိုးစပါးများရောက်ရှိဖြန့်​ဝေဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် စိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော မျိုးစပါးများရောက်ရှိဖြန့်​ဝေဆောင်ရွက်




MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသောလေဘေးသင့် တောင်သူများ၏စပါးစိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော  မျိုးစပါးများ ပထမအကြိမ်အဖြစ် GW11နှင့် နှံကောက်အမျိုးအစား မျိုးစပါးတင်းပေါင်း ၁၀၄၆၂ တင်းကိုစစ်တွေမြို့မှ ရသေ့တောင်မြို့သို့ကုလားတန်(၆)ရေယာဉ် ဖြင့်ပို့ဆောင်ပေးခဲ့ရာ ယနေ့နံနက်၀၇ ၃၀ နာရီက ရောက်ရှိလာသည်။


အဆိုပါရောက်ရှိလာသောမျိုးစပါးများအား ရသေ့တောင်ဆိပ်ကမ်း၌ ပြန်လည်ထူထောင်ရေးတာဝန်ခံ တပ်မတော်အရာရှိကြီးဗိုလ်ချုပ်အောင်မျိုးထွန်း၊ မစဖဥက္ကဌဦးနိုင်လင်းထက် နှင့်အဖွဲ့ဝင်များ၊ မျိုးစပါးဖြန့်ဝေရေး ကြီးကြပ်မှုကော်မတီဝင်များကစိစစ်လက်ခံခဲ့ကြပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းသားတပ်ဖွဲ့ဝင်များကကျေးရွာများသို့ဖြန့်ဝေပေးနိုင်ရေးလုပ်အားပေးဆောင်ရွက်ပေးခဲ့သည်။


ထိုနောက် ရောက်ရှိလာသောမျိုးစပါးများအား မြို့မ နယ်မြေ (၁၂) အုပ်စု၊လောင်းချောင်းနယ်မြေ(၄)အုပ်စုတို့အားဖြန့်ဝေခဲ့ပြီး၊ ကျန်ရှိသည့်မျိုးစပါးများအားစိုက်ပျိုးရာသီအမီဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူထံမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)