MNP ၊ ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ် ဈေးရပ်ကွက်၊ ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြီး ကြပ်မှုဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင်၌ခြုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment