Pages

Pages

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်းဆောင်ရွက်နေမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့အား ကြည့်ရှုအားပေး၊ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို








MNP ၊   ဇူလိုင် ၃

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး မြို့လုံးကျွတ် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်နေမှုနှင့် သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့အား ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းတိုက်ဆရာတော်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုကာ အားဆေးများ ဆက်ကပ်လှူဒါန်းသည်။ 


ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် မြို့မိ၊မြို့ဖများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်နှင့် ရခိုင်ပိုက်ဆိပ်ရပ်ကွက်များသို့ သွားရောက်ကာ အဆိုပါရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်  ရပ်ကွက်နေ ပြည်သူများ၏ နေအိမ်များ၌ မြို့ပေါ်ပရဟိတအသင်းများမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့လုံးကျွတ်ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးသည်။ ထို့နောက် စေတီတောင် ရပ်ကွက်ရှိ သာသနဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး အဆိုပါ ကျောင်းတိုက်အတွင်း သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက်ထုပ်များနှင့်အတူ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းပေးအပ်ကာ အားပေးစကား များ ပြောကြားခဲ့သည်။ 


ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူနေသည့် နဂါးကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသအား သွားရောက်ဖူးမြော် ကြည်ညို၍ ကျန်းမာရေးအခြေအနေအား မေးမြန်းလျောက်ထားကာ အဟာရပြည့်အားဆေးများ ဆက်ကပ် လှူဒါန်းပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး/ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment