ရမ်းဗြဲမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်






MNP ၊   ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရုံးဝန်ထမ်းများနှင့်  မြို့နယ်စုကော်မတီဝင်များသည်  ယနေ့ နံနက်(၁၀) နာရီအချိန်ကမြို့နယ်သမဝါယမရုံး၌  ဂုဏ်ပြုပွဲ ပြုလုပ်ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြင့်နှင့် မြို့နယ်စုကော်မတီဝင်များ

က ရုံးဝန်ထမ်းများ၏ သား/သမီးများ၊ အသင်းအမှုဆောင်များ၏ သား/သမီးများအား စာရေးကိရိယာများ ထောက်

ပံ့ငွေများပေးအပ်ခြင်း၊ ရုံးလုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး ရုံးဝန်ထမ်းများက ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စုကော်မတီဝင်များ၊ အသင်းအမှုဆောင်များတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။


အောင်တင်ကြည် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)