MNP ၊ ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုံးဝန်ထမ်းများနှင့် မြို့နယ်စုကော်မတီဝင်များသည် ယနေ့ နံနက်(၁၀) နာရီအချိန်ကမြို့နယ်သမဝါယမရုံး၌ ဂုဏ်ပြုပွဲ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မြင့်နှင့် မြို့နယ်စုကော်မတီဝင်များ
က ရုံးဝန်ထမ်းများ၏ သား/သမီးများ၊ အသင်းအမှုဆောင်များ၏ သား/သမီးများအား စာရေးကိရိယာများ ထောက်
ပံ့ငွေများပေးအပ်ခြင်း၊ ရုံးလုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းများကို ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး ရုံးဝန်ထမ်းများက ရုံးတွင်း/ရုံးပြင် သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စုကော်မတီဝင်များ၊ အသင်းအမှုဆောင်များတက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment