နိုင်ငံခြားငွေ သုံးစွဲမှုသက်သာစေရန်အတွက် ပြည်တွင်းဓာတ်မြေ ဩဇာထုတ်လုပ်မှုများကို ပိုမို ထုတ်လုပ်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံခြားငွေ သုံးစွဲမှုသက်သာစေရန်အတွက် ပြည်တွင်းဓာတ်မြေ ဩဇာထုတ်လုပ်မှုများကို ပိုမို ထုတ်လုပ်ကြရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး မှာကြား



MNP ၊ ဇူလိုင် ၃၀

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)နှင့် သဘာဝ ဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစခန်း (သာပေါင်း) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းကွပ်ကဲမှုအောက်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်)သို့ ရောက်ရှိပြီး နှစ်ပတ်လည်စက်ပြုပြင်ရေး ဆောင်ရွက်ခဲ့မှု၊ စက်ရုံလည်ပတ်ထုတ်လုပ်နေမှုနှင့် စက်ရုံ၏ပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံအား ထိန်းချုပ်လည်ပတ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံခြားငွေ သုံးစွဲမှုသက်သာစေရန်အတွက် ပြည်တွင်းဓာတ်မြေ ဩဇာထုတ်လုပ်မှုများကို ပိုမို တိုးတက်ကြိုးပမ်း ထုတ်လုပ်ကြရန်၊ စက်ပြုပြင်ခြင်းလုပ်ငန်းများကို သေချာစွာဆောင်ရွက်ရန်၊ တစ်နှစ်ပတ်လုံး စက်ရပ်ရက်နည်းပါးစွာ လည်ပတ်နိုင်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့ကို ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိတ်သွပ်သိုလှောင်ဖြန့်ဖြူးရေးဌာန၌ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး နှစ်ပတ်လည်စက်ပြုပြင်ရေး ဆောင်ရွက် ခဲ့သောဝန်ထမ်းများကို ဂုဏ်ပြုဆုငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


အမှတ်(၅) ဓာတ်မြေဩဇာစက်ရုံ(ကန်ကြီးထောင့်)သည် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ကို အသုံးပြု လည်ပတ်ထုတ်လုပ်လျက်ရှိပြီး ထွက်ရှိသောဓာတ်မြေ ဩဇာများကို ဓာတ်မြေဩဇာခွဲတမ်း သတ်မှတ်ရေး ကော်မတီမှတစ်ဆင့် တောင်သူများသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အတူ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကွပ်ကဲမှုအောက်ရှိ သဘာဝဓာတ်ငွေ့ ထိန်းချုပ် ဖြန့်ဖြူးရေးစခန်း (သာပေါင်း)သို့ရောက်ရှိပြီး သဘာဝဓာတ်ငွေ့ထိန်းချုပ် ဖြန့်ဖြူးရေးစနစ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ သဘာဝ ဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများအား အာဟာရဖြည့်အစားအစာများ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)