အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး တက်ရောက်


MNP ၊ ဇူလိုင် ၁၅

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ဗီယင်နာအပြည်ပြည်ဆိုင်ရာ စင်တာ၌ ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးကွန်ရက် (GlobE Network) စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးသို့ အွန်လိုင်းဖြင့် တက်ရောက်သည်။

အစည်းအဝေး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲများကို အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဖြေရှင်းနိုင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် သတင်းအချက်အလက်များ အချိန်မီရရှိမှု အခက် အခဲကို ဖြေရှင်းနိုင်ရေး ရည်ရွယ်ဖွဲ့စည်းခဲ့သည့် ကွန်ရက်၏ ၂၀၂၁ - ၂၀၂၂ ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၃ ခုနှစ်အတွင်း လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

ထို့ပြင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအာဏာပိုင်များအဖွဲ့က ကြီးမှူးကျင်းပသည့် နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှုများ ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ Webinar သို့ အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

အဆိုပါ Webinar တွင် ကိုဗစ်-၁၉ ရောဂါ ကာလ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွေ့အကြုံများ၊ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဟောင်ကောင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုများ၊ နည်းပညာအထောက်အကူပြု ဆောင်ရွက်ပေးနေမှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများတွင် သတင်းအချက်အလက် ဖလှယ်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြသည်။

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကုလသမဂ္ဂလေ့ကျင့်ရေးနှင့် သုတေသနဌာန (UNITAR)က ကြီးမှူးကျင်းပသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် ပန်းတိုင်များ အကောင်အထည်ဖော်ရာတွင် အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ကျွမ်းကျင်ပညာရှင်များက ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများ မြင့်မားလာခြင်းကို ကုစားနိုင်ရေးအတွက် အစိုးရများအနေဖြင့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဖြောင့်မတ်တည်ကြည်မှုတို့ကို အလေးထား အကောင်အထည်ဖော်သင့်ပါကြောင်း၊ အဂတိလိုက်စားမှု အန္တရာယ်ဆန်းစစ်ခြင်း၊ အဖွဲ့အစည်း ဆိုင်ရာမူဘောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါအစည်းအဝေးများသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၊ ဦးကျော်ဝင်းသိန်း၊ ကော်မရှင်ရုံး ညွှန်ကြား ရေးမှူးချုပ်များဖြစ်သော ဦးထိန်လင်း၊ ဦးဇော်မင်းထွန်းနှင့် အရာထမ်းများ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)