မိုင်းပန်မြို့နယ် “နမ့်ခုံး”ရှမ်းများပရဟိတအသင်းခွဲမှ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပန်မြို့နယ် “နမ့်ခုံး”ရှမ်းများပရဟိတအသင်းခွဲမှ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဖွင့်လှစ်




MNP ၊ ဇူလိုင်   ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများနှင့် မသန်စွမ်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကိုမွေတော် ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းတွင် မိုင်းပန်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ‌ တပ်မတော်မှ စေတနာ့ဝန်ထမ်း ခွဲစိတ်ဗိုလ်ကြီးအောင်မျိုးထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ “နမ့်ခုံး” စေတနာ့ဝန်ထမ်းများစုပေါင်း၍ သက်ကြီးရွယ်အို ဘိုးဘွားများအား ကိုယ်လက်ကျန်းမာရေး ပြုလုပ်ပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ သွေးတိုး၊ ဆီးချို/သွေးချို ရောဂါများ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ဘိုးဘွားများနှင့် သံဃာတော်များအတွက် လိုအပ်သောဆေးဝါးများကို  “နမ့်ခုံး”ရှမ်းများပရဟိတအသင်းခွဲမှ အခမဲ့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။


နော်မှိုင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)