ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး





MNP ၊ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြောင်းမြခရိုင်အတွင်းရှိ တောင်သူများနှင့် တွေ့ဆုံခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်၏ လယ်မြေ(၁)ဧကတွင်  သဘာဝမြေဩဇာ စမ်းသပ်ထည့်သွင်း သုံးစွဲထားသည့် နယူးဧရာ(၁)မျိုးစပါး ဘောင်စနစ်ဖြင့် ပျိုးထောင်းထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝမြေဩဇာအသုံးပြု၍ မျိုးစေ့ရေစိမ်ခြင်း၊ စိုက်ပျိုးခြင်းနှင့် မြေဩဇာ ဖြန်းပက်ခြင်း အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ်  စတင်စိုက်ပျိုးချိန်မှစ၍ စနစ်တကျ မှတ်တမ်းများ ထားရှိဆောင်ရွက်ရန်၊ သဘာဝမြေဩဇာ အသုံးပြုခြင်းဖြင့် ရရှိလာသည့် အကျိုးရလဒ်များအား မှတ်တမ်းထားရှိရန်မှာကြားခဲ့သည်။ ယင်းနောက် ကျွန်းကုန်းကျေးရွာချမ်းမြေ့ဆန်စက်တွင် တောင်သူများနှင့် တွေ့ဆုံ၍ “တစ်ဧက(၁၀) တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျော်ထည့်သွင်း စိုက်ပျိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်မိုးစပါး စိုက်ရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းလုံးကျွတ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ အပြည့်အဝ ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ် ပါကြောင်းနှင့် တောင်သူများ အနေဖြင့်လည်း အထွက်နှုန်းများ တိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုပါကြောင်း” ပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ရှုခင်းသာကျေးရွာရှိ “မိသားစု”ဥစားကြက်မွေးမြူရေးကြက်ခြံသို့ သွားရောက်၍ ကြက်ချေး၊ ဝက်ချေးများဖြင့် သဘာဝမြေဩဇာထုတ်လုပ်မည့် ရုရှားဖတ်ဒရေးရှင်းနိုင်ငံ၊ ရောစ့်ကွန်ဂရက်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ၏ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် LLC Souznedra ၏ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး Mobile သဘာဝမြေဩဇာ စက်ရုံတည်ဆောက်ရေးအတွက် ကွင်းဆင်းလေ့လာမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု အခြေအနေများနှင့် သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး အခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မြေဆီလွှာ ကောင်းမွန်စေရေးဆောင်ရွက်နေမှု၊ ဧရာဝတီ ပေါ်ဆန်းအရည်အသွေး ကောင်းမွန်စေရေးဆောင်ရွက်မှုနှင့် ဓါတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်ရေးနှင့် သဘာဝမြေဩဇာများ ပိုမိုထုတ်လုပ်သုံးစွဲနိုင်ရေးဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဒေသသုတေသန ဗဟိုဌာန (မြောင်းမြ) တာဝန်ခံနှင့် ဝန်ထမ်းများအားတွေ့ဆုံခဲ့ရာ ရှေးဦးစွာတာဝန်ခံက ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်ခဲ့သည့် သုတေသန၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် သုတေသန၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “သုတေသနပြုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားရန် ဧရာဝတီပေါ်ဆန်း မူလအရည်အသွေး ပြန်လည်ရရှိစေရေး သုတေသနပြုဆောင်ရွက်ရန်နှင့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးခြင်းဖြင့် ရနိုင်သည့် အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်နှင့် နွားချေးရောစပ်သုံးစွဲခြင်းဖြင့် ရနိုင်သည့် အကျိုးကျေးဇူး၊ ပိုက်ဆံလျှော်၊ နွားချေးနှင့် အခြားသဘာ၀မြေသြဇာများ ပေါင်းစပ်သုံးစွဲခြင်းဖြင့် ရနိုင်သည့်အကျိုးကျေးဇူးတို့အား သုတေသနပြုလုပ်သွားရန်”ပြောကြားခဲ့ပြီး မျိုးကူးစပ် အဆောက်အဦရှိ အင်းမရဲဘော်နှင့် ပေါ်ဆန်းမျိုး ပျိုးထောင်ရန် ဆောင်ရွက်နေမှု၊ မျိုးစေ့များ ပြသထားရှိမှုနှင့် ချဉ်ပေါင်လျှော်မျိုးများ မျိုးစုဆောင်းထိန်းသိမ်းခြင်းစိုက်ခင်းနှင့် သီးလုံးပုဂုန်လျှော်မျိုးများ မျိုးစုဆောင်းထိန်းသိမ်းခြင်း စိုက်ခင်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ လယ်မြေ(၈)ဧကတွင် ဆင်းသုခမျိုးစပါးစိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုအထွက်တိုးစေရေးနှင့် အောင်မြင်အောင် ဆောင်ရွက်စေရေး မှာကြားခဲ့သည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)