ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Booster)ထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Booster)ထိုးနှံပေး

124


MNP ၊ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Booster)ထိုးနှံပေးခြင်းကို ဇွန်လ ၂၁ ရက်နေ့မှစတင်၍ အလှည့်ကြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါဆေးထိုးခြင်းအား အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ဒုတိယအကြိမ်၊အသက် ၁၂ နှစ်အထက် ၅ ကြိမ်မြောက် (Booster)ဆေးထိုးနှံခြင်းအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာဒေါ်မိုးမိုးအေး ၏လမ်းညွှန်မှုဖြင့် နေ့စဉ်ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့်သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည်။


ဒိုက်ဦးမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းပေါင်း (၁၇၇)ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း(၁၁)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၄)ကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးနေ့စဉ်အလှည့်ကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost


.com/img/a/



No comments:

Post a Comment

Donate and Support

Pages