နေပြည်တော် ဇူလိုင် ၆
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကကြီးမှူး၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်းမြို့၌ ဇူလိုင် (၄) ရက်မှ (၅) ရက်အထိ ကျင်းပခဲ့သည့် China-ASEAN Forum on Emerging Industry သို့တက်ရောက်ပြီး ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးသံမှူး Mr. Ouyang Daobing နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် China-ASEAN Forum on Emerging Industry သို့တက်ရောက်ပြီး လျှပ်စစ်ကားထုတ်လုပ်သည့်စက်ရုံနှင့် ဆိုလာထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြသည်။
#MyanmarNationalPost
No comments:
Post a Comment