ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရုံး Community Center ခန်းမ၌ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရုံး Community Center ခန်းမ၌ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ ဇူလိုင် ၂၆      

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်တွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက မိမိရုံးရှိဝန်ထမ်းများ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများကို ပိုမိုသိရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ရုံးလုပ်ငန်းများနှင့်ဝန်ထမ်းကျင့်ဝတ်များအားပိုမိုသိရှိစေရန်၊  ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ပါ စံတန်ဖိုးသတ်မှတ်ရခြင်း၏ရည်ရွယ်ချက်များအားဖတ်ကြားဆွေးနွေးခဲ့သည်။


ထို့နောက် ဓါတ်ပုံကျွမ်းကျင်(၂) ဦးထွန်းလင်းကျော်က နိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက်များခေါင်းစဉ်ပါအချက်

အလက်များအား ဆွေးနွေးဖတ်ကြားခဲ့ပြီးအငယ်တန်းစာရေး ဦးအောင်သိန်းဝေက အခန်း(၄)ပါ လုပ်ငန်း တာဝန်များကို ဇွဲ၊ လုံးလ၊ ဝီရိယဖြင့်တိကျ မှန်ကန် မြန်ဆန်ထိရောက်စွာဆောင်ရွက်ခြင်းခေါင်းစဉ်ပါအချက်အလက်များအားဆွေးနွေးဖတ်ကြားခဲ့သည်။


 ဆက်လက်၍ လုပ်သားရုပ်သံ ဒေါ်အေးအေးခင်က ရိုးသားဖြောင့်မတ်ခြင်း၊ ဂုဏ်သိက္ခာရှိခြင်းနှင့်ယုံကြည်ထိုက်ခြင်းအကြောင်းအရာများအား ဆွေးနွေးဖတ်ကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)