ပေါင်မြို့နယ်Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်


MNP ၊   ဇူလိုင် ၁

မွန်ပြည်နယ်၊  ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာန တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်သမဝါယမနေ့ အထိမ်းအမှတ်    အသိပညာပေး  Talk Show ဆွေး နွေးပွဲကို ယနေ့ နံနက် (၁၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  


ဆွေးနွေးပွဲတွင် မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အသိပညာပေး (TALK   SHOW) အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဝင်းဝင်းချို က  မိမိဦးစီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊လုပ်ငန်းတာဝန်များ၊ရှေးလုပ်ငန်းစဉ်များအပြင် ပြည်သူများ ဆင်းရဲနွမ်းပါးလျော့ချနိုင်စေရန်အတွက် ဆောင်ရွက်နေမှုများ၊ပြည်သူများအနေဖြင့် သမဝါယမဦးစီးဌာနနှင့်ဆက်သွယ်ပြီး  အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေထုတ်ယူနိုင်ပြီး  ရာသက်ပန်အသင်းဝင်နိုင်ပါကြောင်း ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်‌ လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)