အမ်းမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seederဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seederဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ






MNP ၊ ဇူလိုင် ၁၇

 ရခိုင်ပြည်နယ်၊အမ်းခရိုင် ၊ အမ်းမြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှကြီးမှူး၍ တိုက်ရိုက်စပါးမျိုးစေ့ချကိရိ ယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်း အနားကို ယနေ့ နံနက်(၈)နာရီအချိန်က အောက်ရွာ ကျေး ရွာ ရှိ တောင်သူ ဦးဇော်မျိုးထက်၏ လယ်မြေ၌ ကျင်းပ ပြုလုပ် သည်။


  အခမ်းအနားသို့အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ၊အောက်ရွာကျေးရွာ အုပ်စုရှိတောင်သူများ၊ စက်မှု ၊စိုက်ပျိုးရေး၊မွေးမြူရေးအထက်တန်းကျောင်းမှ စိုက်ပျိုးရေးကျောင်းသားကျောင်း သူများအောက်ရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများက Drum Seeder ဖြင့် မျိုးစေ့ချသရုပ်ပြပွဲ ကိုကြည့်ရှုကြပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို မြို့နယ်ဦးစီးမှူး ဦးဝင်းဇော် ကပြန်လည် ရှင်းလင်းဆွေးနွေးကာ Drum Seeder ဖြင့် စပါးတိုက်ရိုက် အ စေ့ချ စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုး ကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း ၊ လုပ်အားကုန်ကျ စရိတ်သက်သာခြင်း ၊ လုပ်ငန်းချိန်မြန် ဆန်ခြင်း ၊ ပြောင်းလဲ လာသည့် ရာသီ ဥတုနှင့်အညီ အချိန်နှင့်တပြေးညီစိုက် ပျိုးနိုင်ခြင်း စသည်တို့ကိုရှင်းလင်းဆွေးနွေးသည်။


    ဆက်လက်၍တောင်သူများနှင့်တွေ့ဆုံပွဲကို မဟာဆူးဘုန်တော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပခဲ့ရာ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်၊ကျောက်ဖြူခရိုင်ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန ၊ ဦးစီးမှူးဦးဝင်းဇော်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ ဦး စီးအရာရှိ ဦးကျော်ဇင်ဝင်းတို့ကမိုးစပါးစိုက်ပျိုးခြင်းနှင်ပတ်သက်၍ ရှင်းလင်းခဲ့ကြပြီးတောင်သူများကသိရှိလိုသည်များအားမေးမြန်းရာတောင်သူများ၏ မေးမြန်းချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့်တာဝန်ရှိသူများကကပြန်လည် ရှင်း လင်းဆွေးနွေးဖြေကြားခဲ့သည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)