မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းများအား e-ID Server သို့ထည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ် အတည်ပြုနိုင်ရေးနှင့် ပန်းခင်းစီမံချက် အဆင့်(၂) လျာထားချက် ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းများအား e-ID Server သို့ထည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ် အတည်ပြုနိုင်ရေးနှင့် ပန်းခင်းစီမံချက် အဆင့်(၂) လျာထားချက် ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ





MNP ၊ ဇူလိုင် ၂

မြေပြင်ကွင်းဆင်း ကောက်ယူခဲ့သည့် စာရင်းများအား e-ID Server သို့ ထည့်သွင်း၍ အချက်အလက်များ တိုက်ဆိုင်စိစစ် အတည်ပြုနိုင်ရေးနှင့် ပန်းခင်းစီမံချက် အဆင့်(၂) လျာထားချက်ပြည့်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက်၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးသည် အရေးကြီးကြောင်း၊ မဲစာရင်း မှန်ကန်ရေးအတွက် တိကျမှန်ကန်သောလူဦးရေစာရင်းရရှိစေရန် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ အတွင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း။


ကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ်ရုံးအသီးသီးရှိရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး နေပြည်တော်(ရုံးချုပ်)ရှိ e-ID Server အတွင်းရှိ Online မှတစ်ဆင့် ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေး တိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်အထိ e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု (၁ ဒဿမ ၆) သန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူမှု (၂ သိန်း ၇ သောင်း)ကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁ ဒဿမ ၉) သန်းကျော် ကောက်ယူ ပြီးစီးခဲ့ရာ သတ်မှတ်ချက် ရာနှုန်းပြည့် ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း။


မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် တစ်ပါတည်းကောက်ယူခဲ့သည့် မသန်စွမ်း(၅)မျိုး လူဦးရေစာရင်းကိုလည်း သက်ဆိုင်ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုမြေပြင်ကွင်းဆင်း ကောက်ယူပြီးဖြစ်သည့်စာရင်းများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ရုံးများရှိ လက်ခံစာရင်းများဖြင့်စိစစ်၍ e-ID Server အတွင်းသို့ တိုက်ဆိုင်စိစစ်ထည့်သွင်းပြီးစီးရေးနှင့် တိကျမှန်ကန်သည့် လူဦးရေစာရင်းပြုစုနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


ယင်းစာရင်းများအရ အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ ပါရှိနေသည့်အတွက် ပန်းခင်းစီမံချက်အရ (၅) ဦးကော်မတီဖြင့်စိစစ်၍ ဥပဒေနှင့်အညီ ရရှိသင့်သောကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများကိုလည်း ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် လည်းလိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းများသည် ဆောင်ရွက်ရမည့်အရေအတွက်၊ ပြီးစီးရမည့်အချိန်ကာလ ကန့်သတ်ချက်များရှိသည့်အတွက် လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီး အတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုနှင့် e-ID Server အတွင်းသို့ အချက် အလက်များဖြည့်သွင်း ဆောင်ရွက်မှု၊ ပန်းခင်းစီမံချက် အဆင့်(၂)လျာထားချက် ပြည့်မီရေး ဆောင်ရွက်မှုလုပ်ငန်းများ အောင်မြင်ရေးအတွက်လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင် ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လိုအပ်ချက်များနှင့် ဌာနအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးမှု အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)