MNP ၊ ဇူလိုင် ၃
-၂၀၂၄ ပညာသင်နှစ်အတွက် ရွှေတောင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်ဖြင့် သင်ကြားသင်ယူလုပ်ငန်းများ ဆောင်ရွက်မည့် Grade-9 ကျောင်းသား/သူများအတွက်၊ ထိရောက်သော သင်ယူမှုများ စဥ်ဆက်မပြတ် ရရှိစေရန်နှင့် Grade-9 တန်းပြ ဆရာ/မများ၏ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် Grade-9 မြို့နယ်အဆင့်သင် ရိုးသစ် (ဆင့်ပွား)သင်တန်းပို့ချမှုကိုဇူလိုင်၁ရက်နေ့ နံနက် ၉ နာရီက အ.ထ.က ရွှေတောင် ကျောင်းတွင် စာသင်ခန်း(၆)ခန်းခွဲ၍ လက်တွေ့သင်ကြားပေးကြောင်း သိရှိသည။
အဆိုပါ ဆင့်ပွားသင်တန်းကို ဇူလှိုင်လ(ပထမ)ပတ် စနေ/တနင်္ဂနွေနေ့မှစတင်၍ တတိယပတ် စနေ/တနင်္ဂနွေနေ့အထိ နေ့စဥ် မနက် ၉နာရီမှ ၁၂နာရီအချိန်ထိနှင့် နေ့လည် ၁နာရီမှ ညနေ ၄ နာရီအချိန်ထိ(၆)ရက်တာကျင်းပသွားမည်ဖြစ်ပြီး Grade-9 သင်တန်း နည်းပြဆရာ/မ (၆)ဦး ၊ သင်တန်းသားဆရာ/မ(၂၈)ဦးအား ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းတက်ကြရောက်သည့် ဆရာ/မများ နည်းပြများ နှင့်ကြီးကြပ်သူရုံးအဖွဲ့တို့အား နေ့တွက်စားစရိတ်အဖြစ် တစ်ရက်လျှင် (၃၀၀၀)ကျပ်နှုန်းခရီးစရိတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည် ။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment