MNP ၊ ဇူလိုင် ၃
ပဲခူးတိုင်း၊ နတ်သံကွင်းရွာမြောက်ဘက် မီတာ ၂၀၀၀ ခန့်ရှိ ရေတွင်းကုန်းကြီးရွာအနီးတွင် ယမန်နေ့ က KNU အကြမ်းဖက်သူပုန်များနှင့် တပ်မတော်တို့ ထိတွေ့မှု မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး တပ်မတော်သားများ ထိခိုက်မှုမရှိဘဲ KNU အကြမ်းဖက်သမား ၂ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ KNU အကြမ်းဖက်သမားများထံမှ M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၇၀ တောင့်၊ ကျည်ကာ ၁ ထည်၊ ယူနီဖောင်း ၂ စုံ တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
KNU အဖွဲ့သည် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် လက်တွဲဆောင်ရွက်လျက်ရှိပြီး PDF အဖွဲ့ဝင်များကို အကြမ်းဖက်သင်တန်းပေးခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
#MyanmarNationalPost
No comments:
Post a Comment