ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အကြမ်းဖက်အဖွဲ့က ဗုံးခွဲ ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အကြမ်းဖက်အဖွဲ့က ဗုံးခွဲ ဖျက်ဆီး





MNP ၊ ဇူလိုင် ၁၈

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို KNU အကြမ်းဖက်အဖွဲ့က ယမန်နေ့ ည နာရီ ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဗုံးထောင်ဖောက်ခွဲ၍ ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ဖာပွန်မြို့ပေါ်တွင် သွားလာရေးအခက်အခဲနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် လူနေထိုင်မှု ကျဲပါးနေပြီး KNU အကြမ်းဖက်အဖွဲ့ ညအချိန် လာရောက်ဖောက်ခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များလည်း တိမ်းရှောင်နေကြရကြောင်း သိရသည်။

 KNU အကြမ်းဖက်အဖွဲ့၏ ဗုံးဖောက်ခွဲမှုကြောင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၏ ပင်မဆောင်နေရာနှင့် အစည်းအဝေးခန်းမတို့ ပျက်စီးသွားကြောင်းသိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)