KNU/PDF အကြမ်းဖက်အဖွဲ့များက ဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU/PDF အကြမ်းဖက်အဖွဲ့များက ဖျက်ဆီးခဲ့သည့် ကျုံအိတ်တံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး



MNP ၊ ဇူလိုင် ၁၅

ဇွန်လ ၂၉ ရက်နေ့က KNU/PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းထောင်ဖောက်ခွဲခဲ့သော သထုံမြိုနယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် ၁၃၂/၃ရှိ ကျုံအိတ်တံတားအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းခန့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျုံအိတ်တံတားအား ဇူလိုင်လ ၅ ရက်နေ့တွင် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ စတင်ပြုပြင်ဆောင်ရွက်ခဲ့ပြီး ဇူလိုင်လ ၈၊ ၉ ရက်နေ့တွင် အကြမ်ဖက် KNU/PDF အကြမ်းဖက်အဖွဲ့များက ဒရုန်း အသုံးပြု၍ Drop Bomb ချ လာရောက်ပစ်ချတိုက်ခိုက်သဖြင့် တံတားပြုပြင်ခြင်းလုပ်ငန်းအား ခေတ္တရပ်နားခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

ယနေ့နံနက်ပိုင်းမှသာ ဂရိန်းယာဉ်(၁)စီး၊ ဘက်ဖိုးယာဉ်(၁)စီး၊ လုပ်ငန်းသုံးယာဉ်(၃)စီးဖြင့် အင်ဂျင်နီယာ ၂၁ ဦးတို့မှ တံတားပြုပြင်ရေးအထူးအဖွဲ(၁၄) ဦးတို့နှင့် ပူးပေါင်း၍ နံနက် ၉ နာရီ ချိန်တွင် စတင်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပြီး တံတားပြင်ဆင်မှုအပိုင်းအနေဖြင့် ၅၀ ရာခိုင်နှုန်းခန့်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။

KNU သည် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်း၍ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးကို ကျူးလွန်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အကြမ်းဖက်အဖွဲ့အဖြစ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)