ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ရွာအနီး တိုက်ပွဲဖြစ်ပွား KNU/PDF အကြမ်းဖက်သမား အလောင်း၊ လက်နက်/ခဲယမ်းများရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ရွာအနီး တိုက်ပွဲဖြစ်ပွား KNU/PDF အကြမ်းဖက်သမား အလောင်း၊ လက်နက်/ခဲယမ်းများရရှိ







MNP ၊ ဇူလိုင် ၁၇

ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်ရွာအနီး ယမန်နေ့ ညနေ ၄ နာရီ ခွဲ အချိန်ခန့်က KNU/PDF အကြမ်းဖက်သမားများက ခရီးသွားပြည်သူများအား တားဆီးအနိုင်ကျင့်ကာ ဆက်ကြေးကောက်နေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့် ရှင်းလင်းဖယ်ရှားပေးရန် တာဝန်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။

ပေးပို့သတင်းအရ နယ်မြေခံ လုံခြုံရေးအဖွဲ့ဝင်များမှ ဝင်ရောက်၍ ပိတ်ဆို့ရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားကာ KNU/PDF အကြမ်းဖက်သမား အလောင်း ၁ လောင်း၊ hijet အမျိုးစား ယာဉ် ၂ စီး( ၁ စီးမှာ မီးလောင်ပျက်စီး)၊ Wave 100 ဆိုင်ကယ် ၁ စီး၊ ၇.၆၂ ကျည် ၅၂ တောင့်၊ ၅. ၅၆ ကျည် ၇ တောင့်၊ အီနာဂါဗုံးသီး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ FRB စာတန်းပါ တံဆိပ် ၁ ခု၊ တပ်ကြပ်အဆင့် တံဆိပ် ၂ စုံ၊ KNLA တပ်မဟာ ၁ စိစစ်ရေးကဒ် ၁ ခု၊ ပျောက်ကျား အင်္ကျီ/ပုခက်၊ ကျောပိုးအိတ် ၂ လုံး၊ လည်စည်း အနီ ၁ ထည်၊ ဘန်ကာတဲ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)