ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွား(၄၁၈)ဦးအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်/ ကျေးရွာများအတွင်းရှိ အသက် ၈၅ နှစ်အထက်ရှိ ဘိုးဘွား(၄၁၈)ဦးအတွက် လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ခြင်း

 





MNP ၊ ဇူလိုင် ၂၇      

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်အသက် ၈၅နှစ် အထက်ရှိဘိုးဘွား (၄၁၈) ဦးအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို  မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အဘိုးအဘွားများထံ အိမ်တိုင်ရာရောက် ယနေ့နံနက်ပိုင်း(၉)နာရီအချိန်က သွားရောက်ထောက်ပံ့ကြကြောင်း သိရသည်။


အဆိုပါအသက် (၈၅)နှစ်အထက် အဘိုး၊ အဘွားများ လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့စီစဉ်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် အဘိုးအဘွားများထံ သွားရောက်ထောက်ပံ့ပေးခြင်းဖြစ်ရာ ထိုသို့ထောက်ပံ့ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် အဘိုး၊ အဘွားတစ်ဦးကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာကျပ် သုံးသောင်းတိတိကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။


ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တစ်မြို့နယ်လုံးရှိ ရပ်ကွက်၊ ကျေးရွာ(၃၆)အုပ်စုမှ အသက်(၈၅)နှစ်အထက် အဘိုး/ အဘွား(၄၁၈)ဦးအတွက် လူမှုရေးပင်စင်ငွေကျပ် (၁၂၅၄၀၀၀၀)ကျပ် ထောက်ပံ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


ဇွဲမင်းထက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)