မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ နယ်ရှိ ရွာသစ်ကေ-ဇော်မတက်-မင်းဂံကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ဒေသခံပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ စုပေါင်း၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ နယ်ရှိ ရွာသစ်ကေ-ဇော်မတက်-မင်းဂံကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ဒေသခံပြည်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ စုပေါင်း၍ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်


MNP ၊ ဇူလိုင် ၃

မိုခါ(MOCHA) မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရွာသစ်ကေ ကျေးရွာအနီးရှိ ရွာသစ်ကေ-ဇော်မတက်-မင်းဂံကျေးရွာချင်းဆက် ကွန်ကရစ်လမ်းအား ယနေ့တွင် အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများ စုပေါင်း၍ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကွန်ကရစ်လမ်း ဝဲ/ယာ လမ်းပခုံး ပျက်စီးမှုများအား ပြုပြင်ခြင်း၊ နှုံးမြေများအား ဖယ်ရှားရှင်းလင်းခြင်း၊ တံတားအောက် ချောင်းရေ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များ ဆယ်ယူပေးခြင်း လုပ်ငန်းများကို စက်ယန္တရားများဖြင့် စုပေါင်းဆောင်ရွက်ပေးကြသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် နေသူများအား အချိုရည်ဘူးများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)