NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆၀၉၁ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၆၀၉၁ ဦးအထိ သေဆုံးခဲ့ရပြီး ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်



MNP ၊ ဇူလိုင် ၁၅

ဂျီနီဗာမြို့တွင် ၁၉-၆-၂၀၂၃ ရက်မှ ၁၄-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးများကို သက်ဆိုင်ရာနိုင်ငံမပါဘဲကျင်းပခဲ့ပြီး ယင်းမှာကောင်စီ၏ မူဝါဒများနှင့်ရည်ရွယ်ချက်တို့နှင့် သွေဖီလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ တုန့်ပြန်ချက်တွင် NUGနှင့် PDF အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်း ၆၀၉၁ ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ဂျီနီဗာမြို့တွင် ၁၉-၆-၂၀၂၃ ရက်မှ ၁၄-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူသည် မြန်မာနိုင်ငံကို အထီးကျန်စေရန် ရည်ရွယ်ချက်ဖြင့် အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရကြောင်း၊ အစိုးရကိုသိက္ခာချရန်ကြိုးပမ်းမှုအဖြစ် အကန့်အသတ်မရှိ စာရွက်စာတမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အထူးအစီရင်ခံစာ တင်သွင်းသူအတွက် ဆီလျော်မှုမရှိသော လုပ်ပိုင်ခွင့်ကိုပေးအပ်ထားကြောင်း၊ အထူးအစီရင်ခံစာတင်သွင်းသူသည် အပြစ်မဲ့ပြည်သူ ၆၀၉၁ ဦးကို သေဆုံးစေခဲ့သော NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လူမဆန်သောပြစ်မှုများကို ဖုံးကွယ်ထားကြောင်း၊ အထူးအစီရင်ခံစာတင်သွင်းသူက မြန်မာနိုင်ငံ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဖြည့်ဆည်းပေးသည့် အစိုးရပိုင်လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများကို ထပ်မံတောင်းဆိုထားကြောင်း၊ ယင်းမှာ ပြည်သူများကိုထိခိုက်စေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုများကြောင့် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ၉-၇-၂၀၂၃ ရက်နေ့က တွေ့ဆုံစဉ်တွင် အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော NUGနှင့် PDF အဖွဲ့များကို အသိအမှတ်မပြုကြောင်း သူမ၏ သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံတကာအဖွဲ့အစည်းများက NUG အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အကာအကွယ်ပေးပြီး မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အစဉ်သဖြင့် ဖန်တီး လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)