MNP ၊ ဇူလိုင် ၂၆
အရာတော်မြို့နယ်၊ ရဲချင်း(မြောက်)ကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၁၃ဦး အသေဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
အကြမ်းဖက်သမားများထံမှ KIA ထုတ်သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ အမ်-၂၂ ကျည် ၈၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ Drop Bomb ၃ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့်( ၁ ပိဿာခန့်) ၁ ထုပ်၊ ဒီတိုနေတာ ၁၀ ခု၊ မိုင်းရီမုခလုတ် ၄ ခု၊ ၁၂ ဗိုဘတ္တရီအိုး ၇ လုံး၊ ဆေးပစ္စည်းမျိုးစုံ ၁ ထုပ်၊ မော်တော်ယာဉ် ၁ စီး၊ လူနေတဲ ၄ လုံး ရှိသော အကြမ်းဖက်စခန်းကိုပါ ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စခန်းတွင် အကြမ်းဖက်သမား ၄၀ ဦးခန့်ရှိပြီး တောလမ်းမှ ထွက်ပြေးသွားကြပြီး မုံရွာ၏အရှေ့မြောက် ဘုတလင်ဘက်သို့ တိမ်းရှောင်၍ ဆေးကုသနေကြောင်း သတင်းရရှိသည်၊၊
NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် အရာတော်မြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည်။
#MyanmarNationalPost
No comments:
Post a Comment